“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁ က ထုတ်ပြန်ပါတယ်။

ရှေ့မှာလည်း အစုံရေ ၅၀ ရောက်ရှိခဲ့ပြီးဖြစ်ကာ အခု ထပ်မံရောက်ရှိလာတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို သွားရောက်တပ်ဆင်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ကနေ စီစဉ်ပြုလုပ်ခဲ့တဲ့ “ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းဟာ မျှော်မှန်းတားဂတ်ထက် ကျော်လွန်အောင်မြင်ခဲ့ပြီး ရဲဘော်တွေ စိတ်လုံခြုံမှုရရှိစေဖို့ ကမ်ပိန်းမှာ ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သား ဖြစ်လာသူ (၂) ယောက် K.N.L.A တပ်ရင်း (၉) ဆီ လက်နက်နဲ့အတူ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို ခလရ−၂၈၈ မှာ စစ်မှုမထမ်းမနေရ အမိန့်အရ စစ်မှုထမ်းနေရတဲ့ စစ်သား (၂) ယောက်ဟာ စစ်မှုထမ်းသက် (၁) လခန့်အကြာမှာပဲ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။