ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၆) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၉)နှစ်အရွယ် လူငယ်အမျိုးသား ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် (၂)ဆောင်နဲ့ ပြည်သူလူထုနေအိမ် (၆) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၂) ယောက် သေဆုံးခဲ့ပြီး ကလေး (၆) ယောက် အပါအဝင် ပြည်သူ (၉) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၆) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ TNLA စိုးမိုးနယ်မြေတွေမှာသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ စစ်အင်အား၊ လက်နက်ကြီး၊ လေကြောင်း စတာတွေ အသုံးပြုပြီး အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ပါတယ်။