အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။

အဆိုပါစာဟာ အကျဥ်းကျနေတဲ့ ဖိုးသော်က အောင်လအန်ဆန်နဲ့ ဆွီဒင်ဖိုက်တာကာဒတ်စတန်တို့ မထိုးခင် နှစ်ရက်အလိုမှာ ကိုယ်တိုင်ရေးထားတဲ့စာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အောင်လအန်ဆန်က ဖိုးသော် ပေးပို့တဲ့စာနဲ့အတူ သူ့ရဲ့ Facebook စာမျက်နာမှာ “ ကျနော့်ထိုးပွဲမတိုင်ခင် နှစ်ရက်အလိုက ဖိုးသော် ကျနော့်ဆီ အားပေးစာ တစ်စောင် ရေးလာပါတယ်၊ ကျေးဇူးတင်တယ်၊ မင်းကို သတိရပါတယ်၊ ငါတို့အချင်းချင်း ပြန်ဆုံတဲ့တစ်နေ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတာပေါ့ကွာ”လို့ ရေးသားဖော်ပြထားပါတယ်။

ဖိုးသော် ရေးသားထားတဲ့ စာထဲမှာတော့ “အောင်လအန်ဆန်းရေ ဘယ်လိုလဲ၊ နေကောင်းလားအကို၊ ငါမင်းရဲ့ ပွဲကို အောက်တိုဘာ ၄ ရက် ဆွီဒင်မှာလည်း တွေ့လိုက်ပါသေးတယ်၊ ငါမင်းရဲ့ ပွဲတွေကို တစ်ပွဲမှ အလွတ်မပေးဘဲ အားပေးနေတယ်၊ မင်းရဲ့အမာခံပရိသတ်တွေ ဒီမှာအများကြီးရှိတယ်၊ အနိုင်အရှုံးက အဓိက မကျပါဘူး။ အကောင်းဆုံးတွေ ပေးနေသရွေ့တော့ မင်းဟာ မင်း ဖြစ်နေဦးမှာပဲ။ မင်းပွဲကို ငါဒီကနေ အကောင်းဆုံးအားပေးနေပါတယ်။ ငါပြန်ထွက်လာတဲ့တစ်နေ့ သေချာပေါက် ပြန်ကစားဦးမယ်ကွာ။ ဘာကြောင်းကြောင့်မှ ငါမရပ်တန့်ခဲ့ဘူး။ လနည်းနည်းကြာတာနဲ့ ငါလွတ်လာတော့မှာ။ ငါစိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီ။ မကြာခင် မင်းနဲ့ ပြန်ဆုံရဖို့ အမြန်ဆုံးနည်းနဲ့ ပြန်လွတ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ မင်းပရိသတ်တွေက မင်းနဲ့အတူအမြဲရှိပါတယ်။ သူတို့ နောက်တခါ ဂုဏ်ယူရအောင် လုပ်ပြလိုက်စမ်းပါ ” လို့ ပါရှိပါတယ်။

ဖိုးသော်ဟာ ထင်ရှားတဲ့ MMA ဖိုက်တာတစ်ယောက်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူဖြစ်ကာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်က ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံအနီးရှိ Team PT အားကစားခန်းမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေချိန် စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။