စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force – မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၆ရက် ညနေ ၆ နာရီလောက်က ရွာသာယာကနေ အင်အား ၂၀၀ ကျော်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ဆည်လေးတောလမ်းဆုံအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ည ၇နာရီလောက်မှာ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၃ယောက် သေဆုံးကာ MA-4 သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၇ရက် မနက်ပိုင်းမှာလည်း ကျောက်ပနံရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ယောက် ထိမှန်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တပ်ရင်း ၄ ရင်းပေါင်းပြီးလာတာ အင်အားက ၂၇၀ လောက်ရှိတယ်၊ ၆ ရက်နေ့ကနေ ထိတွေ့မှုဖြစ်တာ ထိတွေ့မှု ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်၊ ထိတွေ့မှုမှာ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ နောက်ရက်မှာ သင်္ဂြိုဟ်လိုက်တယ်၊ အခုမှ ထုတ်ပြန်ရတာက ဆည်းလေးတောကနေ ဆားတောင်ထိ နယ်မြေအခြေအနေကြောင့်ပါ” လို့ Thunderbird People’s Defense Force – မိုးကြိုးငှက်အဖွဲ့ − စစ်ကိုင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် နေ့လယ် ၂နာရီလောက်မှာလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေနဲ့ လင်းယဥ်ရွာသစ်မှာ ထိတွေ့ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပါသေးတယ်။ ပစ်ခတ်တိုက်ပွဲ ပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဆီက MA-2 သေနတ်၁လက် သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်တစ်ယောက် လက်မောင်း ကျည်ထိမှန်သွားသလို တပ်သားတစ်ယောက်လည်း ပေါင်ကို ကျည်ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကိုလည်း ညောင်ငုတ်တိုရွာအနီးမှာ သတ်ဖြတ်သွားတယ်လို့သိရပါတယ်၊ တိုက်ခိုက်မှုကို  Thunderbird People’s Defense Force – မိုးကြိုးဌက်အဖွဲ့ − စစ်ကိုင်းတပ်ဖွဲ့ ၊ ပဒူတိုက်နယ် ပကဖ နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်မှ ဗိုလ်ချုပ်ကြီးတချို့ ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ပြောင်းလဲဝင်ရောက်လာ…

“အခုက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမာခံလူစာရင်း ဖြစ်လောက်တယ်။ နောက်ပိုင်းမှ ပါတီထဲမှာ ငုတ်တုတ်ထိုင်နေမယ့် လူမျိုးလောက်ကတော့ အခုချိန်လောက်မှာ မလွတ်သေးဘူးဗျ။ စစ်တပ်ထဲမှာပဲ သုံးနေဦးမှာ ပေါ့နော်။ နောက်မှ ထုံးစံအတိုင်း ပစ်ဖဲတွေကို ထည့်မှာပေါ့… ဒါကတော့ သူတို့ selection ရွှေးထုတ်ထားတဲ့ သူတွေလို့ ယူဆရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြိုင်မှာ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လူ ၂၀ ကျော် သေဆုံးခဲ့သည့် ချောင်းဦးဆီမီးသပိတ်မှ သေဆုံးသူများနှင့် ထိခိုက်သည့် ပြည်သူများကို ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးနှင့်ရိက္ခာများ မျှဝေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းဖိုရမ်ရဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံရဲ့ ဆေးအဖွဲ့ကလည်း ကုသပေးနေပြီး ကွန်ရက်ကနေ ကျပ်သိန်း ၂၂၅ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးဖက်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်အုပ်စု ကျုးလွန်သည့် အကြမ်းဖက်မှုများကြောင့်ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်များကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။