မကွေးတိုင်း၊ ကံမမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ရဲဘော် ၁ ယောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံး ရဲဘော်ကိုချစ်ဟာ တပ်ရင်းကနေ ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ကံမမြို့နယ်၊ အင်ဘက်တောကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်အတွက် များစွာဝမ်းနည်းရသလို သူရဲကောင်းအဖြစ် လေးမြတ်စွာ အလေးပြုကြောင်း သရက်ခရိုင် အမှတ် (၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်ရဲ့ မပြီးဆုံးသေးတဲ့ ရည်မှန်းပန်းတိုင်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းလည်း သရက်ခရိုင် အမှတ် (၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ၏ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှုမှတ်တမ်းများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ( ၂၅ ) ကွပ်ကဲမှူအောက်ရှိ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ မြေပြင်လှုပ်ရှားမှုပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။