မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၅ နာရီခန့်က စလင်းမြို့နယ် လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒရုန်းနဲ့ စတင်ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက ရဲစခန်း ဘိုတဲကုန်းထိ စီးနင်းတိုက် ခိုက်နိုင်ခဲ့ပေမယ့် လင်ဇင်း အဝင် ကုက္ကိုပင်အောက်ရှိ ဘန်ကာကို သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေစဉ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းပစ်ကူရောက်ရှိလာတဲ့အတွက် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

“တိုက်ပွဲကပြင်းထန်တယ် ပြောရမယ်။ မနက်၅နာရီခွဲကနေ ၉နာရီအထိကြာခဲ့တာပေါ့။ ကျနော်တို့ ဒရုန်းအကြီးနဲ့ ၄ကြိမ်ကြဲသလို အာပီဂျီနဲ့ပါ ထုခဲ့ရပါတယ်။ ဒီကောင်တွေစခန်းက ရွာကို အမှီပြုထားတာ ကျွန်းပုံစံလို့ ပြောရမယ်။ အလယ်မှာ စလင်းချောင်းနဲ့ တံမံကုန်းက လွှတ်တဲ့ ရေမြောင်းကြီးခြားနေတော့ အခက်အခဲတွေရှိခဲ့တယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဘိုတဲကုန်းရတော့ ဘန်ကာထပ်ရဖို့ လုံးတယ်ပေါ့။ အဲ့ဒါရရင် တစ်စခန်းလုံးနီးပါး အပြီးသတ်လို့တောင်ပြောရမှာ။ ဒါပေမယ့် ဘန်ကာက ခိုင်တယ်။ ဒရုန်းနဲ့ချတော့လည်း ဗုံးသီးက မကွဲဘူး။ ဒီကောင်တွေလည်း ရွာထဲဆုတ်သွားကြပါတယ်။ ဘန်ကာကိုရဖို့ လုံးတဲ့အချိန် လေကြောင်းကြောင့်ပဲ ပြန်ဆုတ်ခဲ့လိုက်ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ‌တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂၊ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းအဖွဲ့၊ စလင်း ပလဖ၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ နဲ့ မင်းဘူးခရိုင် ပကဖ ထုတ်လုပ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး ရွာခံအမျိုးသား ၁ ဦးလည်း သတ်ဖြတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းအရှေ့ရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ရွာခံအမျိုးသား ၁ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အင်အား ၇၀ ကျော်ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာခံအမျိုးသား (၄၄) နှစ်အရွယ် ကိုမင်းနိုင်ကို ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၈ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပိုင်း ကျေးရွာတွေက လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်ကောင်စီတပ်တွေ လာမယ်လို့ သတင်းရတာကြောင့် တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ပစ်ခတ်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။