ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၆) ယောက်ကို ထောင်တွင်းမှာ လူစုလူဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကျဉ်းထောင်အာဏာပိုင်တွေကနေ တိုက်ပိတ်ပြီး ခြေချင်းဒေါက်တွေပါ ခတ်ကာ ပြစ်ဒဏ်ပေးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။

PPNM ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်ကနေစပြီး ဒီနေ့အချိန်ထိ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၆ ယော်ကို ၅ ယောက်တစ်စုနှုန်း လူစုခွဲပြီး ပြစ်ဒဏ်တိုက်ခန်းတွေမှာ တိုက်ပိတ် ခြေကျင်းဒေါက်‌တွေ ခတ်ခံထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ ရာသီဥတုကလည်း ဆောင်းရာသီကို ဝင်လာနေပါပြီ။ သူတို့ကို ထားတဲ့ တိုက်ခန်းက သံမန်သတင်းပေါ်မှာ ဒီတိုင်းထားတာ။ ပြီးတော့ အဲဒီဒေသကလည်း အအေးပိုင်းထဲမှာ တောင်တန်းတွေနဲ့ ဆိုတော့ လေဖြတ်မှာ စိုးရပါတယ်။ ပြီးတော့ သူတို့ကို အစားအသောက်တွေကအစ ဖြတ်ပြီး ဒေါက်ခတ်ထားတာဆိုတော့ လေ့ကျင့်ခန်းတွေလည်း လုပ်လို့မရတဲ့ အခြေအနေဆိုရင် ရေရှည်မှာ ထိခိုက်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပိတ်ခံထားရဆဲ နိုင်ငံရေးအကျဉ်းသားတွေကတော့ ဉာဏ်လင်းနိုင်၊ သဲဦးပိုင်၊ ခန့်ညားသူ၊ ကိုလင်း၊ ကျော်လင်းမောင်၊ ဇော်မျိုး၊ရှမ်းလေး၊ မင်းနိုင်ထွန်း (ခ) ကြက်ဖကြီး၊ ကျော်သူရဝင်း (ခ) ကျော်ကြီး၊ ဇော်မင်းထိုက်၊ မျိုးကြီး၊ ဇော်ကြီး၊ ဇင်မျိုးထိုက်၊ ထက်လင်း ၊ ဇင်ကိုဖြိုး၊ အာကာမင်းနဲ့ ဗူးသီး တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ မြန်မာနိုင်ငံက ထောင်ပေါင်း ၄၀ ကျော်ရှိတဲ့ အနက် နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှု အများဆုံး ပြုလုပ်တဲ့ အကျဉ်းထောင် (၅) ထောင်ထဲမှာ ပါဝင်နေတယ်လို့လည်း PPNM က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးတွင် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းပြေးသည့်ကားအောက် ညပ်ပါသွားသော အမျိုးသမီး အသက်ရှင်

“မျက်မြင်တွေ့လိုက်တဲ့ ကောင်မလေးကလည်း သူ့ကို အန္တရာယ်ပြုမှာစိုးလို့ ဘာမှ မပြောရဲဘူး ဖြစ်နေတာပေါ့နော် အခုအခြေအနေက။ ဖြစ်သွားတဲ့ အချိန်ကလည်း လူရှင်းချိန်ဖြစ်နေပြီ။ အတိုက်ခံရသူ အမျိုးသမီးကတော့ ဘာထွက်ဝယ်တာလဲ မသိဘူး။ သူ့မှာ ထီးလည်းပါတယ်၊ မိုးနည်းနည်းကျနေတော့ ထီးတွေလည်း စုတ်ပြတ်သွားတယ်” လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ တပခ ဌာနချုပ်နှင့် ကေတုမတီလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ဦးအပါ အရာရှိ ၃ ဦးနှင့် စစ်သား ၈ ဦး သေဆုံး၊  တိုင်းရုံးစစ်ဦးစီးဌာနနှင့် လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ တောင်ငူ (ကေတုမတီ) လေတပ်ကို ရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ယောက် အပါအဝင် အရာရှိ ၃ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးပြီး တိုင်းရုံးစစ်ဦးစီးဌာနနဲ့ လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။