မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးသင်တန်း(WCP)သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စတင် ပြုလုပ်ခဲ့ရာ မသန်စွမ်းသူတွေပါ သင်တန်းမှာ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းမှာတော့ ကလေးအခွင့်ရေးအခြေခံမူတွေ၊ မိဘနဲ့ အစိုးရ တာဝန်တွေ၊ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အကြောင်းကို အဖွဲ့လိုက် အုပ်စုဖွဲ့ ဆွေးနွေးမှုတွေနဲ့အတူ အပြန်အလှန်သင်ကြားဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။

“သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီးနောက် နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းရန်အန္တရာယ်ကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ အခက်အခဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာတော့ လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း ၁၀၂ ယောက် ခန့်အပ်တာဝန်ပေးထားပြီး အမျိုးသမီး ၂၅ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့ပြ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်(၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။