အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးကာလထဲ အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး​ စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းလာမှုနဲ့အတူ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ မလုံခြုံမှုတွေကို ခံစားလာရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အုပ်စုလက်ပါးစေတပ်ဖွဲ့တွေရဲ့ မထင်သလို ဖမ်းဆီးတာ၊ ညအချိန်မတော် ဝင်ရောက် ဖမ်းခေါ်တာမျိုးတွေလို စစ်အင်အားဖြည့်တင်းမှုတွေကြောင့် လူငယ် ၅ သန်းနီးပါး (၃ပုံ၁ပုံ) ဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို အမြဲလိုလို ခံစားနေရပြီး ဒီနှုန်းထားဟာ တိုက်ပွဲဒေသတွေ၊ မသန်စွမ်းလူငယ်တွေနဲ့ အလုပ်လက်မဲ့တွေကြားမှာပါ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

မလုံခြုံမှုတွေ စိမ့်ဝင်နေတဲ့အတွက် လူငယ် ၇ ယောက်မှာ ၁ ယောက်နှုန်းဟာလည်း ကိုယ့်ကိုယ်ပိုင် လုံခြုံရေးအတွက် မကြာခဏ စိုးရိမ်ပူပန်နေရသလို အဆိုပါနှုန်းထားဟာ ချင်းနဲ့ ကယားပြည်နယ်တို့မှာ ပိုမိုမြင့်တက်လာနေသလို တစ်ကိုယ်ရည် မလုံခြုံမှုတစ်ခုတည်းသာမကဘဲ မျိုးဆက်တစ်ခုလုံးအတွက် ကြောက်ရွံ့မှု၊ မယုံကြည်မှုနဲ့ စိတ်ဒဏ်ရာတွေ​ကို ရင်ဆိုင်ဖြေရှင်းရဖို့ ဖိအားပေးခံနေရတယ်လို့လည်း UNDP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ – ရန်ကုန်မြို့ အတွင်း တွေ့ရသည့် လူငယ်အချို့ (ပုံဟောင်း)

အထူးသဖြင့် နိုင်ငံအတွင်းက လူငယ် ၁၀ ယောက်မှာ ၄ယောက် (၄၀ ရာခိုင်နူန်းကျော်)ဟာလည်း ညဘက်တွေတစ်ယောက်တည်း လမ်းလျှောက်ရင် မလုံခြုံတော့ကြောင်း ပြောဆိုလာပြီး အထူးသဖြင့် စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရမယ့်အပေါ် အဓိက စိုးရိမ်ကြောက်လန့်လာတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး မလုံခြုံမှု နူန်းထားဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဆကျော်မြင့်တက်ခဲ့တာဖြစ်ပြီး အရင်လို တိုက်ပွဲဖြစ်ပွားရာ ဒေသတွေတင် မဟုတ်တော့ဘဲ ရန်ကုန်လိုမြို့ပြကြီးတွေမှာပါ ရှိလာတာဖြစ်တယ်လို့ UNDP ရဲ့ စစ်တမ်းက ပြောပါတယ်။

အခုစစ်တမ်းဟာ UNDP က စီစဥ်ထုတ်ဝေတဲ့ ” ချောက်ကမ်းပါးထက်ကမျိုးဆက်-မြန်မာ့လူငယ်များ၏ လုံခြုံရေးနှင့်လူမူဘဝစိန်ခေါ်မှုများ “အစီရင်ခံစာရဲ့ တတိယမြောက်အစီရင်ခံစာဖြစ်တဲ့ ” Myanmar Youth Series”မှာ ပြည်နယ်နဲတိုင်းအသီးသီးက လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို အခြေခံထားတာဖြစ်ပြီး စစ်တမ်းဟာ လူငယ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို လေ့လာထားတာလည်း ဖြစ်ပါတယ်။

” ဒီမှာ စစ်မှုထမ်းကြောက်ရ အလုပ်ကမရနဲ့ ပြည်ပထွက်ဖို့ကလည်းမလွယ်တော့ ရတာလေးနဲ့ အဆင်ပြေသလိုနေကြရပါတယ်။စစ်မှုထမ်းစာရင်းထဲ ကိုယ့်နာမည်မပါသေးတော့ကံကောင်းနေသေးတယ်ပြောရမယ်” လို့ ရန်ကုန်မြို့နေ လူငယ် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဲအဖြစ် နိုင်ငံအတွင်း တရားဥပဒေ မစိုးမိုးနိုင်မှုနဲ့အတူ ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရာဇဝတ်မှုတွေ မြင့်တက်လာသလို တရားရေးစနစ်အပေါ် ဆိုးဆိုးရွားရွားဖိအားပေးခံရမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်း ( Global Organize Crime Index) အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအများဆုံးကြုံတွေ့နေရတဲ့ နိုင်ငံလို့လည်း သတ်မှတ်ထားခံရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

ပခုက္ကူမှာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က မျက်မြင် ၆ ယောက် သေ၊ လက်နက် ၁၈ လက်နဲ့ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

အရှိုချင်း ကာကွယ်ရေးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူ

အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၆) အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ အကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။