မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းလာသူ ၆၈ ယောက် ရှိတဲ့အထဲ ၄၁ ယောက်က စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ကပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ကနေ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေစလို့ လက်ရှိအချိန်ထိကို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ တိုးများလာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့စာရင်းတွေဟာ အလင်းဝင်လာသူ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းမိသူနဲ့ လက်နက်ချသူတွေရဲ့ စာရင်းကိုသာ ကောက်ယူထားတာဖြစ်တာကြောင့် စစ်တပ်ကနေ ထွက်ပြေးသွားသူတွေလို လက်လှမ်းမမှီတဲ့ တပ်ပြေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်ကနေပြီး အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ရေးအတွက် သင်တန်းတွေကို လစဉ်ပို့ချပေးနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ပန်းတိုင်အနေနဲ့ ပေါင်းစည်းလမ်းသက်မွေးဌာကနေ ဒီဘက်ပြောင်းလာသူတွေ၊ ခိုလှုံသူတွေပေါ့နော် CDM တွေရှိမယ်… တပ်မိသားစုဝင်တွေရှိမယ်… စစ်မှုထမ်းတပ်သားသစ်တွေရှိမယ်…. သူတို့တွေအတွက် လစဉ် သက်မွေးပညာတွေ ပို့ချနေတာရှိပါတယ်။ ဥပမာ- ယောင်္ကျားလေးဆို စက်ပြင်တာ၊ ဖုန်းပြင်တာ၊ မိန်းကလေးဆို အပ်ချုပ်တာ၊ ဂျပ်ခုတ်တာ စတာတွေပေါ့နော် ဘဝရပ်တည်ရေးအတွက် သက်မွေးပညာတွေ သင်ကြားနေတာတွေ ရှိပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းအသုံးပြုချိန်ကနေစတင်ပြီး တပ်သားတွေကို လစဉ်စုဆောင်းလာခဲ့တာဟာ အပတ်စဉ် ၁၅ အထိ ရောက်ရှိလာနေပြီဖြစ်ပြီး ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချတာအပြင် စစ်သုံ့ပန်းပါ အပါအဝင် စုစုပေါင်း ၂၁၂၁ ယောက် ရှိတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ရက်တာအတွင်း ဒရုန်းဖြင့် ဗုံး (၂၈) လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ   တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ (၂၅) ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈) လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။