စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Groupမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ် ကော်မရှင်ရေယာဉ် ၁၅ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က ရေယာဉ်ပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် စက်တပ်လေထီးယာဉ်က လိုက်ပါပျံဝဲပြီး စောင့်ကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှုရှိခဲ့သော်လည်း မြေပြင်အခြေအနေအရ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ChindwinFighterGroup(CFG)နဲ့ Brave Heart Army-(B.H.A)တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ChindwinFighterGroup

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းမှ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ဘီးလင်းမြို့နယ် အလူးလေးနှင့် သပြေနီကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။
Read More

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)