မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အောက်တိုဘာ ၈ရက် မနေ့က မနက် ၁၀ နာရီလောက်မှာ ပေါက်မြို့နယ်မြောက်ပိုင်းတစ်နေရာကို စစ်ကော်မရှင်ရဲ့ မုံရွာ နမခ က တက်လာတဲ့ စက်တပ်လေထီး ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ယောက်‌ သေဆုံးကာ ကလေးတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးတဲ့သူတွေက မိသားစုဝင်တွေ။ ကလေးတစ်ယောက် အရေးပေါ်ကုနေရတယ်။ မိဘတွေ အကုန်သေတယ်” လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ မနေ့က မနက် ၁၀ နာရီခွဲလောက်မှာပဲ ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားရှိ ကျောက်ခွက်ရွာနဲ့ မှန်ရင်းရွာအကြားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရေနံမြေအလုပ်သမား ၃ ယောက် ပွဲချင်းပြီး သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

“ထိတွေ့မှုမရှိဘူး။ ဒီအတိုင်း လာကြဲသွားတာ။ ရေနံမှော်က ကျုပ်တို့ထိန်းချုပ်ထားတာ၊ သူတို့ ပြန်လိုချင်လို့ အမြဲလာကြဲနေတာ၊ တစ်နေ့တည်းကို ၆ကြိမ် ကြဲတယ်” လို့ အထက်ပါ နယ်မြေခံတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အောက်တိုဘာ ၇ ရက် နေ့လယ် ၂နာရီလောက်ကလည်း ပေါက်မြို့နယ် ကပစ ၂၄ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား အင်အား ၆၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တယ်ပင်ရေနံမှော်ကို ဝင်ရောက်လာပြီး ဒေသခံ ၁၁ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ၈ရက်နေ့မှာ အဆိုပါ ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် သူတို့ထဲက ၂ ယောက်ကတော့ နားရွက်မှာ ဓားဒဏ်ရာတွေ့ရသလို ထိုးကြိတ်ရိုက်နှက်တာတွေလည်း ခံခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

CDF-KKG Major Operation မှ အောင်ပွဲများနှင့်အတူ ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force - Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

မိတ္ထီလာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။