“ကယ်မလို့သာသွားတာ ဟိုရောက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသေးတယ်။ ကိုယ်တစ်ခါမှ ဒီလောက်ဆိုးရွားတာ မကြုံဖူးတာလေ…… လုံးဝကို ဆူညံ ပွက်လောရိုက်နေတာပဲ”

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ဘုံတိုရွာ တစ်နေရာကို စစ်အုပ်စုက နမခတက် စက်တပ်လေထီး ၁ စင်းနဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စစ်အုပ်စု ဗုံးသီးချချိန်ဟာ ဒေသခံတွေနဲ့ မုံရွာ အမြင့်လမ်းသပိတ်ခေါင်းဆောင်တွေ သီတင်းကျွတ်ရိုးရာမီးထွန်းပွဲနဲ့ ဆီမီးသပိတ်လုပ်ဆောင်နေချိန်ဖြစ်တာကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲရာမှာ ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ သိရပါတယ်။

“နှစ်လုံးကြဲတာမှာ တလုံးက ၁၂၀ မမ။ အဲ့ကောင်က ပွဲခင်းတည့်တည့်ကျတာဗျ။ အသံကြားရပေမယ့် ဗုံးမမြင်ရဘူး။ မြင်ရတော့ ရှောင်ချိန်မရကြဘူးဖြစ်လိမ့်မယ်။ အဲ့ဒါတောင် ကြဲပြီး အဲ့နားဝဲနေပါသေးတယ်။ တချို့ဆို တစစီ လွင့်ထွက်ကုန်တာ၊ ကျနော်သိတဲ့ ၃နှစ်သားလေးတစ်ယောက်ဆို ခြေထောက်ပဲပြန်ရပါတယ်။” လို့ မုံရွာဒေသခံယောက်က မောင်းကို ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ
ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ

ထိခိုက်သေဆုံးသူတွေဟာ ပြင်းအားမြင့် ဗုံးသီးဒဏ်ကြောင့် ခြေပြတ်လက်ပြတ် ရုတ်ပျက်ဆင်းပျက် အထိဖြစ်ခဲ့ကြပြီး လေကြောင်းအန္တရယ်ရှိနေတဲ့ကြားကပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်သူတွေ များခဲ့တာကြောင့် အရေးပေါ် သွေးလိုအပ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ တဖြည်းဖြည်းတိုးလာခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က ပြောပါတယ်။

“ဗုံးချပြီးလို့ ရွာနေရာကိုသိသိချင်း ကျနော်တို့ ၆ယောက်တစ်ဖွဲ့ ချက်ချင်းသွားကြတာပေါ့။ ကယ်မလို့သာသွားတာ ဟိုရောက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသေးတယ်။ ကိုယ်တစ်ခါမှ ဒီလောက်ဆိုးရွားတာ မကြုံဖူးတာလေ။ သွေးတွေဘာတွေ အများကြီးနဲ့ လူတွေကို ကိုင်တွယ်ရတာ ပထမဆုံးပဲ။ ဒါပေမယ့်လည်း ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ အသက်ရှင်နေသေးတဲ့သူတွေ အရင်ကယ်ရတယ်။ လမ်းမလျှောက်နိုင်တဲ့သူတွေ ဒဏ်ရာပြင်းတဲ့သူတွေကို လျှော်ထိုးပြီးထမ်းခေါ်ရတယ်။ တချို့ လက်တွေဘာတွေမှန်ပြီး ပြေးနိုင်တဲ့သူတွေလည်းပြေးပေါ့။ လုံးဝကို ဆူညံ ပွက်လောရိုက်နေတာပဲ။ သွေးထွက်လွန်နေတဲ့သူတွေကို သွေးထိန်းပေးပေါ့။ ဒီကြားထဲ လူနာတင်ကားက ချက်ချင်းမရောက်တော့ သေသွားတာတွေ၊ လမ်းရောက်မှသေတာတွေလည်းရှိပါတယ်” လို့ မြေပြင်ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၉) တပ်ရင်း ရဲဘော်လျှပ်စီးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားတွေနဲ့အတူ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ချမ်းငြိမ်းအောင်နဲ့ ရဲဘော် ညီညီဇော်တို့အပါအဝင် ရဲဘော်ကံမြင့်လွင်၊ We are People ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ရဲဘော်ဇော်လင်းထိုက်၊ မုံရွာအမြင့်လမ်းသပိတ်ခေါင်းဆောင်တွေ၊ မုံရွာနဲ့ ချောင်းဦးအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ကြောင်းသိရပါတယ်။

လေကြောင်းတိုက်မှုကြောင့် ကျဆုံးသွားသည့် သပိတ်ခေါင်းဆောင်များ

“လက်ရှိသေဆုံးက ၄၀ ကျော်ပါပြီ။ ထိခိုက်ထားသူတွေလည်းများတယ်။ သွေးကတော့ အဆင်ပြေသွားပါပြီ။ အတည်ပြုစာရင်းရရင် ထပ်ပြောပါမယ်။ ထိတဲ့အထဲ ကလေးတွေလည်းများတယ်” လို့ မုံရွာခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၃ Monywa Nightking တာဝန်ရှိသူ ဗိုလ်ငယ်လေးက မောင်းကို ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မတိုင်ခင် ညနေအစောပိုင်းကလည်း ကျောက်ဆစ်ပုံ အမတ ၅၀၈ တပ်ထဲကနေ ရမ်းကားပစ်ခတ်လိုက်တဲ့ စစ်အုပ်စုလက်နက်ကြီးကျည်ကြောင့် မုံရွာမြို့အရှေ့တောင်ဘက်၊ ညောင်ပင်ရွာနေအသက် ၃၀ အရွယ် အမျိုးသမီး ၁ယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကော်မရှင်က သူတို့အပြည့်ဝထိန်းချုပ်ထားရာ မုံရွာမြို့ပေါ်မှာ စစ်တပ်ထောက်ခံသူအများစုအတွက် ရည်ရွယ်တဲ့ ပြည်သူ့ဥယျာဉ် ဖျော်ဖြေပွဲကို လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိ အောက်တိုဘာလ ပထမပတ်အတွင်းမှာ စစ်အုပ်စုက ရှမ်းမြောက်ဒေသတွေအပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက တော်လှန်ရေးအားကောင်းရာ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ဆားလင်းကြီး၊ မတ္တရာ၊ ဝက်လက်၊ ဂန့်ဂေါ စတဲ့ မြို့နယ်တွေမှာ ဆိုးဆိုးရွားရွား ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ လူမှုကူညီထောက်ပံ့မှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် လူမှုကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။