ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA – Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဦးဇော်ဇော် ဥက္ကဋ္ဌ လုပ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီမှာ ဒုဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္တဝင်ဘောလုံးသမား Javier Zanetti က ဆောင်ရွက်မှာဖြစ်ပြီး ကော်မတီကို အဖွဲ့ဝင် ၂၁ ယောက်နဲ့ ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့ ခရိုနီ ဦးဇော်ဇော်ကို လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် AFC ရဲ့ အကြီးတန်းဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ AFC Dream Asia Foundation ရဲ့ Board of Trustees အဖြစ်လည်း ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ အထိ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်တဲ့ AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) ဆုတွေကိုပါ ရရှိထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

နယ်စပ်က မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ် သန်း ၁၆၀ အသုံးပြုရန် ထိုင်းအစိုးရလျာထား

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၇ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေး ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘတ် သန်း ၁၆၀ ခွဲဝေချထားဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။