စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ
၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) က တက်လာတဲ့ စက်တပ်လေထီး ၁စီးဟာ ဆီမီးထွန်းပွဲလုပ်ဆောင်ရာ နေရာတစ်ဝိုက်ကို ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာမှာ အရပ်သားတွေထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့မှာ ရိုးရာဆီမီးထွန်းပွဲဆင်နွှဲနေကြတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

“အထိအခိုက်ကတော့ များတယ်လို့ကြားတယ်ရှင့်၊ နောက်ထပ်လည်း အဲ့နေရာကိုပဲ လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်သွားပါသေးတယ်။” လို့ Monywa Road Information-MRI တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

တချို့သော သတင်းရင်းမြစ်တွေအရ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်က ကျေးရွာတစ်ရွာမှာ ဆီမီးသပိတ်လုပ်ဆောင်နေချိန် စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ ထိခိုက်သေဆုံးသူ ၁၀​ယောက်ထက်မနည်း
ရှိကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကော်မရှင်ဟာ မုံရွာမြို့ပေါ်မှာ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနဲ့ မီးပုံးပျံပွဲတွေလုပ်ဆောင်ပေးပြီး နိုင်ငံအခြေအနေ ပုံမှန်ဖြစ်နေသယောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

PRA -Magway ၏ ၄လတာ စစ်ရေးဖော်ဆောင်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူအပါ ၆၀ ကျော် သေဆုံး၊ ၁၈ ဦး ဖမ်းမိခဲ့

ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးသီဟအောင် အပါအဝင် သေဆုံးသူ ၆၀ ကျော်အထိရှိခဲ့ပြီး ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ယောက်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတိအင်အားစု PRA - Magway တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။