ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂) ရက် နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၅၇ တပ်ရင်းကနေ ပျဉ်ရေ ကျေးရွာအတွင်း ဒရုန်းနဲ့ ပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁) ရက် မနက်ပိုင်းကလည်း တော်ဝိကျေးရွာရှိ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ-၂၀ ကနေ (၈၁) မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ ကွင်းဒလကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး (၅၄) နှစ်အရွယ် အမျိုးသမီး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေပြီး ကျန်တဲ့ပြည်သူတွေလည်း စိုးရိမ် ထိတ်လန့် စွာ အသက်ရှင်နေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ မြို့တွင်းမှာပိတ်မိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ယောက်သေ…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၂ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးကာပြန်လည်ဆုတ်ခွာသွားတယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။