မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဂန့်ဂေါခရိုင် အားကစားကွင်းထဲမှာ စစ်ကော်မရှင် ကျင်းပပြုလုပ်တဲ့ သီတင်းကျွတ်ဂီတပွဲတော် ၂ရက်မြောက်နေ့ ဒီညနေ ၆နာရီခွဲလောက်မှာ ဗုံးသံလိုမျိုး ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်ကွဲတဲ့အသံအမျိုးအစားကတော့ ရှော့တိုက်ဒုံးလို့ ယူဆရပါတယ်။ ဘယ်အဖွဲ့ကလဲဆိုတာ အတည်ပြုဆဲပါဗျ။ ပွဲပျက်လို့ ဂန့်ဂေါ ခလရ ၅၀ ဗျူဟာမှူး ဒေါပွနေတာပါ” လို့ ဂန့်ဂေါမြောက်ပိုင်း ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို မြို့ပေါ်မှာ ပေါက်ကွဲသံ ကြားပြီးတဲ့နောက် စစ်ကော်မရှင်တပ်က မြစ်သာမြစ် အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဇဟောရွာထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူတယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရသွားတဲ့သူက မစိုးရိမ်ရပါဘူး။ အရင်နှစ်တွေကလည်း အခုလို ပွဲလုပ်တယ်၊ သီချင်းပွဲတော့ မပါဘူး။ အကတို့ဘာတို့တော့ ပါတယ်။ သီတင်းကျွတ်ပွဲမှာ အနုပညာရှင်ဘာညာ ငှားမယ်ဆိုပြီး စခ ဘမောင်က တမင် ဂျင်းသတင်းကို ရည်ရွယ်ချက်ရှိရှိ လွှင့်ခဲ့တာ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

အောက်တိုဘာ ၅ရက်နေ့ကလည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်က စစ်ကော်မရှင်တပ်သားတွေဟာ သီတင်းကျွတ်ပွဲတော်အတွက် မြို့နီးနားပတ်လည် နေရာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြလာပါတယ်။ Federal Wings ဒရုန်းတပ်ဖွဲ့တိုင်းရဲ့ ဖွဲ့စည်းပုံအရ စစ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စအဝဝကို လက်တွဲထားတဲ့တပ်ဖွဲ့တွေကသာ အလုံးစုံတာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုသာ Federal Wings က တာဝန်ယူဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။