ရန်ကုန်မြို့လယ် ပန်းဆိုးတန်းတံတားအဆင်း လူမြင်ကွင်းမီးပွိုင့်မှာ လူတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲနေတဲ့မြင်ကွင်း ပါတဲ့ဗီဒီယိုဖိုင် Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
ရုပ်သံဖိုင်အတွင်း လူတစ်ဦးဟာ WY ခေါ် စိတ်ကြွရူးသွပ်ဆေးပြားကို မီးခြစ်နဲ့ရှို့ကာ ရှိူက်ရှူသုံးစွဲနေတာကို ရှင်းလင်းစွာ မြင်တွေ့ရပါတယ်။

”တကယ်ဝမ်းနည်းမိတယ်၊ ဒါတွေမြင်ရင် သွားပြီ … ကျွန်တော်တို့တိုင်းပြည်က တကယ်ချွတ်ခြုံကျစုတ်ပြတ်သတ်ပြီး အဖတ်ဆယ်မရတော့ဘူး၊ အရာအားလုံးစုတ်ပြတ်ကုန်ပြီ ဘဝတွေကော အနာဂတ်တွေကော” လို့ အဆိုပါပို့စ်အတွင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလပ်၊ ဘားနဲ့ KTV တွေမှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းချလာခဲ့ပြီးနောက် ယခုလိုအခြေခံတန်းစားတချို့ပါ လူသွားလမ်းမပေါ်မှာ မူးယစ်ဆေးကို အသုံးလာကြတာကို မြင်တွေ့လာရတာဖြစ်ပါတယ်။

”စိတ်ညစ်ပါတယ် ဘဝတွေကမလုံခြုံတော့ဘူး၊ လမ်းဘေးဆေးသမားတွေကို ဒီအတိုင်းဆက်ထားရင် ဆေးအရှိန်တက်ရင် သူတို့က ပတ်ဝန်းကျင်ဆိုတာ သိတော့တာ မဟုတ်ဘူး” …စသဖြင့် ဝေဖန်မှတ်ချက်ပြုရေးသားတာတွေကိုလည်း တွေ့ရပါတယ်။

Video-Kyaw Zin Latt ( Nine One)
0 Shares:
You May Also Like
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ယာဉ် ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ ယောက်ခန့် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Northern Shan State Alliance Army ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးကုတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ်က ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (Northern Shan State Alliance Army) ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည် လမ်းမမှာ ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပြည်လမ်းမပေါ်  မိုင်တိုင် အမှတ် (၁၇၇/၁) မှာ ဇန်နဝါ ရီ ၂၇ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။