မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားကျော်ခိုင်ဟာ အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် စက်တင်ဘာ ၂၃ ရက်မှာ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေဟာ စစ်ကော်မရှင်တပ် နယ်မြေအထိ ဝင်ရောက်ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားကျော်ခိုင်ဟာ BA94 (MA-13) ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၈၀ တောင့်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့လည်း သိရပါတယ်။

အခုလို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ရဲတပ်သား ကျော်ခိုင်ကို ငွေကျပ်သိန်း ၅၀ ပေးအပ် ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ ဆက်လက်အလင်းဝင်လိုသူတွေကို နွေးထွေးစွာကြိုဆိုသွားမှာဖြစ်သလို ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံ လိုရင်လည်း ဆက်သွယ်နိုင်တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေတာရှည်တွင် စစ်ရေးတင်းမားနေပြီး စစ်အုပ်စု နေ့စဥ်ဗုံးကြဲ၊ နေပြည်တော် PDF တပ်ရင်း (၉၀၁) မှ ရဲဘော်လျှပ်စီး တိုက်ပွဲအတွင်း ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းအဆက်မပြတ် အသုံးပြုနေတယ်လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး လက်ပစ်ဗုံးနှင့် ကျည်များ ယူဆောင်ကာ အလင်းဝင်

မန္တလေးတိုင်း တောင်သာမြို့ဂိတ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားတစ်ယောက် လက်ပစ်ဗုံးနဲ့ လက်နက်ကျည်တွေ ယူဆောင် အလင်းဝင်ရောက်လာတယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ရန်ကုန်က မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီတာဘောက်ကတဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။