ကရင်ပြည်နယ်အတွင်း မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့၊ စစ်ကော်မရှင် ပူးပေါင်းအင်အား ၃၀၀ ခန့်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Black Dragon Column က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ အထက်ပါ စစ်အုပ်စုနဲ့ မီတာ ၁၀၀ ခန့်အကွာကနေ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၆ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်၊ BGF ပူးပေါင်းအဖွဲ့ဟာ လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်ကူအင်အား အများအပြား အသုံးပြုကာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ၄ ရက်တာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ထပ်မံအင်အားဖြည့်တင်းပြီး ရှေ့သို့ စစ်ကြောင်းထိုးဝင်ရောက် လာနေတဲ့အတွက် ခဲယမ်းဖြည့်တင်းနိုင်ဖို့နဲ့ ဒဏ်ရာရရဲဘော်တွေကို ဆေးဝါးကုသပေးနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း Black Dragon Column က အသိပေးထုတ်ပြန်ထားပါတယ်။


Video – Black Dragon Column

 

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ KNDF ဒု-စစ်ဦးစီးချုပ် ကိုမာဝီ တိုက်တွန်း

ကရင်နီပြည်နယ် ဝင်ပေါက်တွေဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းပေါ်မှာရှိတဲ့ KNDF B-03 နဲ့ MB PDF(1001) တပ်ရင်းတွေရဲ့ ခဲယမ်းလိုအပ်ချက်တွေကို ထောက်ပံ့ပေးကြဖို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ယခုလိုတိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရကာ ၉လကြာ ဆေးကုသမှု ခံယူပြီးနောက် ရဲဘော် မောင်ဘုန်းပြည့်ကျော် ကျဆုံးခဲ့ (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။