မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁ ရက် ကနေ စက်တင်ဘာ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးရသူ အမျိုးသမီး (၁၅၃) ယောက်နဲ့ အမျိုးသား (၂၃၄) ယောက် စုစုပေါင်း (၃၈၇) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူအရေအတွက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက် ပါဝင်ပြီး သေဆုံးရသူတွေအနက် ၂၃၃ ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကာလအတွင်းမှာပဲ အတည်ပြုဖို့ လိုအပ်နေသေးတဲ့ သေဆုံးသူ အရပ်သား ၄၄၀ ယောက်ရဲ့ စာရင်းတွေကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ AAPP က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးရသူ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၇၃၁၀ ယောက်အထိ ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ဖားအံခရိုင်အတွင်း ဖမ်းမိသည့် ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးများကို ထိုင်းတာဝန်ရှိသူများနှင့်အတူ KNU မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်နေဟု KNU ဆို

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ

KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ  တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF – Khayan) တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ရန်ကုန်တိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) ရဲ့ တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မေလ (၁၅) ရက် မနေ့က နယ်မြေအခြေအနေကြောင့် အွန်လိုင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။