ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ် ပြန်ထားပါတယ်။

အောက်တိုဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ကမ်းပြိုကြီးကျေးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို သဲကောဆည်လမ်းဆုံမှာ ‌တော်လှန်ရေးရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၄၀ ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ရဲ ၂ သေဆုံးကာ G3 သေနတ် ၁လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ကျပ်နဲ့ မှတ်ပုံတင်ကတ် ၁ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

မြဝတီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၂၂ ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် လဝကရုံးရှေ့မှာ ဂိတ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာရှိတဲ့ လဝကရုံးရှေ့မှာ ဂိတ်ချပြီး စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲထံက သိရပါတယ်။
Read More

မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်နှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရကာ ဆုတ်ခွာထွက်ပြေး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် စမ်းကလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စည်ဆွဲကျေးရွာအုပ်စု စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် မနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။