စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရေဦးမြို့နယ် ဖန်းခါးဇင်ရွာ၊ တန့်ဆည်မြို့နယ် ရွာတချို့နဲ့ ရေဦး-တန့်ဆည်အစပ်က ကျေးရွာတချို့ကို စစ်တပ်က စက်တင်ဘာ ၂၉ရက် မနေ့ နေ့လယ် ၂နာရီကျော်လောက်မှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ညနေပိုင်းလောက်မှာ နမခ ကနေ Gyrocopter ၃စီး တက်လာတယ်။ အဲဒီဖန်းခါးဇင်ဆိုတဲ့ ကျေးရွာမှာ ဗုံးသီး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်။ နောက်ပြီးတော့ တန့်ဆည်တောင်ဘက်ခြမ်းက ကျေးရွာ ၂ရွာကိုလည်း ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်” လို့ ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) မောင်းကို ပြောပါတယ်။
ဖန်းခါးဇင်ရွာကို တိုက်ခိုက်မှုမှာတော့ ကျေးရွာအတွင်း ဘုန်းကြီးကျောင်း ၂ထပ်ဆောင် ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ လူလတ်ပိုင်း အမျိုးသမီး တစ်ယောက်လည်း နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“၃စီးလုံးက ၂ မြို့နယ် ချုပ်စပ်နေရာလို့ပဲ ပြောရမယ်ပေါ့။ အဲ့လိုရွာတွေကို နေရာခွဲပြီးတော့ တိုက်ခိုက်တာဖြစ်တယ်။ တန့်ဆည်ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိထားရတယ်။ ပြီးတော့ အခုလာကြဲသွားတာက ဘာတိုက်ပွဲမှ မရှိနေဘဲ သက်သက်ကို လာကြဲသွားတာဖြစ်တယ်”လို့ ကိုထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ Gyrocopter ၃ စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်ကမှ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ နမခကို ရောက်ရှိလာပြီးနောက် ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်မှာ ဧရာဝတီမြစ်ထဲ စုန်ဆင်းလာတဲ့ သင်္ဘောကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ… သပိတ်ကျင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

အုတ်ဖိုတွင် ရွေးကောက်ပွဲ မဲထည့်ရန် ဖိအားပေးနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ပြည်သူတွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး တပ်ရင်းဌာနအသီးသီးမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြမယ့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး သက်ဆိုင်ရာ တပ်ရင်းဌာနအသီးသီးကို ပြန်လည်တာဝန်ထမ်းဆောင်ကြမယ့် တော်လှန်ရေးရဲဘော်များကို ချင်းညီနောင်တပ်ဖွဲ့ရဲ့ ဗျူဟာမှူးက နှုတ်ဆက် အမှာစကား ပြောကြားခဲ့တဲ့ မှတ်တမ်းကို CDF Mindat က ထုတ်ပြန်ခဲ့ပါတယ်။