စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၂၉ရက်၊ မနေ့ ညပိုင်းမှာ စစ်ကိုင်းမြို့အနောက်တာရပ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်အုပ်စုက သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော်ဖြစ်သူကိုလည်း ကြိမ်းမောင်းသွားတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းဘက်က အာမ,မခံဖို့နဲ့ အချိန်မရွေးဖမ်းဆီးနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ကြိမ်းမောင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းမြို့၊ တာရိုးကြီးအနောက်ခြမ်း၊ ချင်းစု၊ ဘော်ဂါ၊ ငါးထပ်ကြီး၊ ဧမြဝတီစတဲ့ ရပ်ကွက်နေရာအနှံ့ကို အင်အားသုံးဝင်ရောက်စီးနင်းခဲ့ပြီး ပေါ်တာဆွဲလူဖမ်းတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြို့လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘူတာရုံ၊ ရုပ်ရှင်ရုံ၊ ရွှေနှင်းဆီစာပေနဲ့ မြို့မစျေးစတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကမ်းနားလမ်း၊ အသ်ခယာရိပ်သာတွေနားမှာလည်း စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားတာမျိုးတွေရှိတယ်လို့ ပြောပါတယ်။

ပုံစာ – အကြမ်းဖက်စစ်သားများ လူငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဥ် (ပုံဟောင်း)

စက်တင်ဘာလ ၃၀ရက် ဒီနေ့မှာလည်း စစ်ကိုင်း မြို့ပေါ်နေရာအနှံ့မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁၅ယောက်ထက်မနည်း ဖမ်းဆီးခံရပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ခေါ်ဆောင်သွားခံရတယ်လို့ သိရပါတယ်။

“ပေါ်တာတွေဆွဲတာ မနေ့က(စက်တင်ဘာ ၂၉) တည်းက ပိုဆိုးလာတာပါ။ စစ်ရှောင်ဘုန်းကြီးကျောင်းက လူငယ်တွေကိုလည်း ဖမ်းသွားတာမျိုးမရှိပေမယ့် ဘုန်းကြီးကိုတော့ ခြိမ်းခြောက်သွားကြပါတယ်။” လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလို ပေါ်တာဆွဲဖမ်းဆီးမှုကို တပ်မ ၃၃စစ်သားတွေနဲ့ နယ်ခံပျူစောထီးတွေက ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းမြို့ဟာ တပ်မ ၃၃လို စစ်တပ်ဌာနချုပ်အပါအဝင် စစ်အုပ်စုဘက်က အထိုင်ချတပ်စွဲထားရာမြို့ ဖြစ်တာကြောင့် အရပ်သားလူငယ်တွေ မကြာခဏဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းမှာ မြို့နယ် ကြံခိုင်ရေးပါတီဥက္ကဌအပါအဝင် စည်ပင်သာယာဥက္ကဌနဲ့ စစ်ထောက်လှမ်း ရေးဟောင်းမိသားစုဝင်တွေပါတဲ့ မြို့ရပ်မိရပ်ဖ အဖွဲ့ကိုလည်း ဖွဲ့ထားပြီး မြို့နယ်အတွင်းက အရပ်သားလူငယ်တွေကို ပျူစောထီးနဲ့ စစ်သားအဖြစ် အဓိကစုဆောင်းနိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို အဓိက ပံ့ပိုးပေးနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူရေး အီးယူနှင့် ILO အဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများ အိတ်ဖွင့်ပေးစာပေးပို့

ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ဖယ်ခုံ PDF ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံး၊ ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။