ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က မုန်းမြို့အတွင်း အမျိုးသား ၁ ယောက် ထင်းခွေရင်း မိုင်းနင်းမိတဲ့အတွက် ခြေထောက် ၂ ယောက်လုံး ပြတ်သွားပြီး  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့  Save The Trees Rescue Team က အရေးပေါ်ကူညီကယ်ဆယ်‌ရေးလုပ်ဆောင်ကာ တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် ဒဏ်ရာရရှိသူ အမျိုးသားဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ‌တောင်ငူဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တယ် လို့ သိရပါတယ်။

Video – Kyaw Thu Ya

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ နိုဝင်ဘာ ၉ ရက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ဧပြီလမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ချင်းညီနောင်က အသိပေးထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် တံတားတစ်စင်း ပြိုကျပျက်စီး (ရုပ်/သံ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှာ မကြာသေးခင်က အသစ်ဖွင့်လှစ်ထားတဲ့ တံတားတစ်စင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း သံချပ်ကာယာဉ်များ အသုံးပြုပြီး တပ်စွဲရန်လာသည့် စစ်ကော်မရှင်တပ်သားများကို အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်း တပ်စွဲဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။