အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)နဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၅ ရက် မနေ့က ညနေပိုင်းမှာ video conferencing meeting နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် FSCC အဖွဲ့ဝင်တွေ၊ ရန်ကုန်လွှတ်တော်ဥက္ကဌဦးတင့်လွင်နဲ့ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH အဖွဲ့ဝင်တွေ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းမင်း၊ အတွင်းရေးမှူးအဖွဲ့နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ရမယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတွေ ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဥ်တွေကိုလည်း သဘောတူညီမှုရတဲ့အထိ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်တပ်နဲ့ MBT ၃ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေ၊ အထိနာတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးသီးအလုံး ၁၀၀ကျော် ကြဲချပြီး ရွာ​​​တွေကို စစ်ကြောင်းဝင် မီးရှို့လူသတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က  ၁၅ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သလို ဒရုန်းတွေကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

မိုးထဲရေထဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက…
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေးတွင် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းပြေးသည့်ကားအောက် ညပ်ပါသွားသော အမျိုးသမီး အသက်ရှင်

“မျက်မြင်တွေ့လိုက်တဲ့ ကောင်မလေးကလည်း သူ့ကို အန္တရာယ်ပြုမှာစိုးလို့ ဘာမှ မပြောရဲဘူး ဖြစ်နေတာပေါ့နော် အခုအခြေအနေက။ ဖြစ်သွားတဲ့ အချိန်ကလည်း လူရှင်းချိန်ဖြစ်နေပြီ။ အတိုက်ခံရသူ အမျိုးသမီးကတော့ ဘာထွက်ဝယ်တာလဲ မသိဘူး။ သူ့မှာ ထီးလည်းပါတယ်၊ မိုးနည်းနည်းကျနေတော့ ထီးတွေလည်း စုတ်ပြတ်သွားတယ်” လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။