ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

KNDF တပ်ရင်း (၅) က ရဲဘော်ရဲဘက်တွေအနေနဲ့ အကြမ်းဖက်စစ်တပ် ထိုးစစ်ကြောင့် အဖက်ဖက်ကနေ ကာကွယ်ခုခံနေရပြီး နေစဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို နေ့ရက်တိုင်း ခက်ခဲပင်ပန်းမှုတွေ ကြုံတွေ့နေရတာကြောင့် KNDF စစ်ရေးချုပ်က အခုလို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ဆိုပါတယ်။

KNDF စစ်ရေးချုပ်က တပ်ရင်းအမှတ်(၅) ရဲဘော်ရဲဘက်တွေရဲ့ တိုက်ပွဲအခြေအနေနဲ့ စစ်ဆင်ရေးလက်ရှိအခြေအနေတွေကို အကျဉ်းချုပ် မေးမြန်းခဲ့ပြီး လိုအပ်ချက်တွေ၊ နေ့စဉ်အသုံးအဆောင်တွေနဲ့ စစ်ရေးဆိုင်ရာလိုအပ်ချက်တစ်ချို့ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရေးချုပ်က ရဲဘော်ရဲဘက်တွေကို စစ်ဆင်ရေးမှာ မမေ့မလျော့ ဆက်လက် တာဝန်ထမ်းဆောင်နိုင်အောင် အားပေးစကားတွေ ပြောကြားခဲ့သလို တပ်ရင်းအတွင်း တိုက်ခိုက်ရေးရဲဘော်ရဲဘက် သူရဲကောင်းတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း လေးစား ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေကို ယှဉ်ပြိုင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင် ပြော

ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။