စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။

ပုလဲမြို့နယ် စစ်ကြောင်းမှာ ပါဝင်လာတဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ တပ်သား ကိုနိုင်ရဲလင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က MA-1 တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်အ တောင့် ၅၀၀ ၊ လက်ပစ်ဗုံး ၁လုံးတို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်တပ်သား ကိုနိုင်ရဲလင်းကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၁) တပ်ရင်းမှူး ဦးဘဂျမ်းကလည်း ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့တယ် လို့ သိရပါတယ်။
တပ်သား ကိုနိုင်ရဲလင်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပေါ်တာစွဲ လူသစ် စုဆောင်းတာကို ခံခဲ့ရပြီး အပတ်စဥ် (၈) သင်တန်းကို ၂၀၂၄ ခုနှစ် မှာဆင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ထွက်ပြေးခိုလှုံကြဖို့ ကိုနိုင်ရဲလင်းက ဖိတ်ခေါ်ထားပါသေးတယ်။

“ကျနော့်လိုပဲ အခြားရဲဘော်တွေလည်း အလင်းဝင်ချင်ရင် ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ မှာ အလင်းဝင်လို့ ရပါတယ်။ အခြားတပ်ရင်းတွေမှာလည်း အလင်းဝင်လို့ရပါတယ်။ အဆင်လည်း ပြေပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ သူတို့ (PDF)တွေ သတ်မယ်၊ ဖြတ်မယ်ဆိုတာလည်း (စစ်တပ်) လျှောက်ပြောနေတာပါ၊ တကယ်ပြည်သူတွေကို သတ်နေတာ သူတို့(စစ်တပ်) ပါ “လို့ အလင်းဝင်လာတဲ့ ကိုနိုင်ရဲလင်းက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ ကတိရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ CNF ပြော

စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။