စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကလေးဝမြို့နယ်၊ အောင်ချမ်းသာ(ပျူ)ရွာစခန်းနဲ့ ဆင်အိုင်မ(ပျူ)ရွာက ရိက္ခာရှာထွက်လာတဲ့ ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာလ (၁၇) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို ကလေးခရိုင် အမှတ် (၅) တပ်ရင်းရဲ့ တပ်ရင်းမှူး ညွှန်ကြားမှုနဲ့ ကလေးခရိုင် အမှတ် (၅၊ ၉) နဲ့ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲ့ဝင် (၁) ယောက် ဖမ်းဆီးရမိပြီး BA-63 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ 7.62 ကျည် (၂၅) တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီး ပျက်စီး… စစ်ကောင်စီတပ်က ပြည်သူ (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်ကလေးငယ်တွေကို လေကြောင်းကနေတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆို

စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ သေကြေအောင် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လက်နက်နဲ့လေယာဉ်ဆီရောင်းချနေမှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ရပ်ဆိုင်းဖို့ အရပ်ဖက်နဲ့ တော်လှန်ရေးအင်အားစု ၃၁၀ ကျော်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။