အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်လာမှုနဲ့အတူ ပြည်သူလူထုက အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ထားဝယ်မြို့ရှိ Non CDM ဝန်ထမ်းတွေနဲ့ စစ်အုပ်စု အားပေးသူတွေကို တွေ့ဆုံချိန်မှာ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

အသား၊ ငါးနဲ့ အခြေခံစားကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်ရတာဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားတာ၊ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတာတို့ကြောင့်အပြင် တရားမဝင်ကုန်သွယ်မှုတွေ ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်ရတာဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ယာယီသမ္မတ ပြန်ခန့်ထားတဲ့ မင်းအောင်လှိုင်က ပြောပါတယ်။

တရားမဝင်ကုန်စည်စီးဆင်းမှုတွေ မဖြစ်ပေါ်စေရေးကို တိုက်ဖျက်ဆောင်ရွက်နေတယ်လို့လည်း မင်းအောင်လှိုင်က ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ လက်အောက်က စစ်တပ်နဲ့ ရဲက ဂိတ်ကြေး အဆမတန် တောင်းခံတာတွေအပြင် ကုန်စည်စီးဆင်းမှုနဲ့ သက်ဆိုင်တဲ့ Non-CDM ဝန်ထမ်းတွေကပါ ကုန်စည်သယ်ယူမှုနဲ့ပတ်သက်လို့ ကုန်တင်ယာဥ်တွေကို အခွန်အပြင် ထပ်ဆောင်း ငွေကြေးတောင်းခံတာတွေ ရှိနေပါတယ်။

“အရင် အာဏာမသိမ်းခင်က ကျွန်တော်တို့ ဂိတ်တစ်ခုကို ဖြတ်ရင် ၁၀၀၀ ကနေ အများဆုံး ၅၀၀၀ အထိပဲ၊ အခုဆိုရင် ဂိတ်တစ်ခု ဖြတ်ရင် အနည်းဆုံး ၂၀၀၀၀ ကနေ အများဆုံး ၅၀၀၀၀ နဲ့အထက်ပဲ၊ ဒါက တရားဝင်ရော၊ တရားမဝင်တာရော ပေးရတာနော်၊ ဒီအလုပ် လုပ်နေတော့ သူတို့နဲ့ မကင်းနိုင်တော့လည်း အဆင်ပြေအောင်နေရတာပေါ့၊ အထူးသဖြင့် စစ်ကိုင်းတံတားဂိတ်ကတော့ အဆိုးဆုံးပဲ” လို့ မုံရွာ-ရန်ကုန်ကားလမ်းကို အမြဲမောင်းနှင်နေတဲ့ ယာဥ်မောင်း ၁ ယောက်က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပသွင်းကုန်အစား အစားထိုးနိုင်အောင် ပြည်တွင်းထုတ်လုပ်မှုတွေကိုလည်း အားပေးဆောင်ရွက်နေသလို တနင်္သာရီတိုင်းအနေနဲ့လည်း ဒေသတွင်းကုန်ထုတ်လုပ်မှုတွေတိုးမြှင့်ပြီး ဒေသနဲ့ နိုင်ငံ့စီး ပွားမြှင့်တင်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ဖို့ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်ကို အင်အားလာဖြည့်တင်းတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သိမ်းကုန်ကျေးရွာအုပ်က အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရှိသွားတယ်လို့ (၃၆၀၁) PPDF တပ်ရင်းထံမှ သတင်းရရှိပါတယ်။
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။