စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခုလို အသိပညာပေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ကူညီပေးမှုတွေကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ ချောင်းဦး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်ခဲံ့တာဖြစ်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဖြစ်လာရင် လုပ်ဆောင်ရမယ့် အချက်အလက်တွေကို စနစ်တကျသင်ကြားမှုတွေ ပြုလုပ်ခဲ့သလို သရုပ်ပြလေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ချောင်းဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းမှာနေထိုင်သူတွေအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်နဲ့ စာရေးကိရိယာတွေကိုလည်း ထောက်ပံ့ကူညီခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကိုတိုက်ထုတ်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှည အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး  သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။