ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။

အဆိုပါ စုံတွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် ညပိုင်းမှာ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲ ခုန်ချသွားခဲ့တာဖြစ်တယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတချို့က ပြောကြပါတယ်။

အဲဒီနောက် ဒီနေ့ စက်တင်ဘာ ၁၄ရက် နေ့လယ်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်ပိုင်နက်အတွင်း ငမိုးရိမ်ချောင်းထဲမှာ အလောင်း ၂လောင်း ပေါ်နေတာကို လှေသမားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့မှာ ငမိုးရိပ်ထဲမှာ အလောင်းမျောနေတာတွေ့လို့ လှေသမားတွေက ကောက်ဆယ်ထားတာ။ တွေ့တာတော့ ၁၁ ပတ်ဝန်းကျင်လောက်ပေါ့နော်။ ကျနော်တို့ဆီ ဆက်သွယ်လာတာတော့ ၁၂ လောက်တော့ ဖြစ်နေပြီ။ အခုကတော့ အလောင်း ၂လောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ထားပြီ” လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူက မောင်းကို ပြောပါတယ်။

သေဆုံးသွားတဲ့ စုံတွဲမှာ အမျိုသမီးဖြစ်သူကတော့ အသက် ၂၈ နှစ်ဖြစ်ပြီး အမျိုးသားဖြစ်သူကတော့ အသက် ၂၆ အရွယ်ဖြစ်တယ်လို့ ကနဦးသိရပါတယ်။

ဒါ့အပြင် အခု စက်တင်ဘာ လဆန်းပိုင်းတုန်းကလည်း အမျိုးသားတစ်ယောက် တောင်ဒဂုံမြို့နယ် ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တာကြောင့် သူ့ရဲ့အမျိုးသမီးဖြစ်သူလည်း စက်တင်ဘာ ၁၃ရက်နေ့မှာ အဆိုပါ တံတားပေါ်ကနေ လိုက်ခုန်ချသွားခဲ့သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သူတွေဟာ အကြပ်အတည်း ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး နေ့စဥ် ရှင်သန်နေထိုင်မှုဘဝတွေ ခက်ခဲလာကာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေလည်း ပိုမိုများပြားလာတာ တွေ့ရပါတယ်။

(ဓာတ်ပုံ Tun Myat Nyunt)

0 Shares:
You May Also Like
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သည့် ဖြစ်စဥ်အတွက် စစ်အုပ်စု CCTV ရထားလည်း စိုးရိမ်စရာ​မရှိဟု Golden Valley Warriors ပြော

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ရှင်းလင်းသုတ်သင်ခံရတဲ့ ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က CCTV မှတ်တမ်းရရှိသွားပေမယ့်လည်း ပြင်ဆင်မှုတွေ လုပ်ထားပြီးသားမို့ စိုးရိမ်စရာ မရှိဘဲ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်မှာကိုသာ စိုးရိမ်ကြောင်း Golden Valley Warriors တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းအတွင်း ခရိုင် ၃ ခုမှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။