တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းက သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာနဲ့ သင်းကျွန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ တပ်မ ၄၀၅ တပ်ရင်းမှူး စိုင်းဝနဌေးနဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ ဟွန်ဒါဖစ်ယာဉ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်ပေါ်ရှိ စစ်ကော်မရှင်စစ်ဗိုလ် ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းစက်တင်ဘာ ၇ ရက်မှာပဲ သရက်နှစ်ခွကျေးရွာဘက်သို့ ခြေလျင်ဆင်းလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ (၁)နဲ့ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၁)တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပွင့်ဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် လေကြောင်းကနေ လာ‌ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကျွဲခြံလယ်မရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

တောကျီးကန်းစစ်ကြောင်း ဒရုန်းတပ်ဖွဲ့ရဲ့ ၆လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၃ ယောက်သေပြီး ၆၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တောကျီးကန်းစစ်ကြောင်းရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ ဗိုလ်အဆင့် ၁ ယောက်အပါအဝင် ၁၃ ယောက်သေပြီး ၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင်ရဲဘော်တွေကို လက်နက်တပ်ဆင်ဖို့ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Music Concert (ရုပ်/သံ)

လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ရဲဘော်တွေကို လက်နက်ခဲယမ်း အပြည့်အစုံတပ်ဆင်ပေးနိုင်ဖို့ ဂျပန်နိုင်ငံမှာ Charity Music Concert ပွဲကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

ထီးခီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ယနေ့မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထိခိုက်မှုရှိ (ရုပ်/သံ)

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ယနေ့ မေလ ၁၀ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေမှုနဲ့ အဆောက်အအုံအမိုးများ လွှင့်ကျမှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။