ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူအားကိုးထိုက်တဲ့ ရဲဘော်တွေကို ဖြစ်စေရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကာယပိုင်းဆိုင်ရာတို့ကို ပြန်လည်မြှင့်တင်ဖို့ မွမ်းမံသင်တန်းအဖြစ် ရက်တိုသင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူးနဲ့ ညီနောင် တပ်ဖွဲ့ဝင်တွေ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄) ဝံပုလွေတပ်ခွဲအနေနဲ့ ရဲရင့်တဲ့ စိတ်ဓာတ် ၊ ပြည်စုံတဲ့ လေ့ကျင့်မှုတို့ နဲ့ စစ် အာဏာရှင်ကို မဟာမိတ်တပ်ပေါင်းစု ညီအကိုများ နဲ့အတူ တိုက်ပွဲ ဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။