လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံအတွင်း ဖေ့စ်ဘုတ်(Facebook) ၊ ယူကျူ့(Youtube) ၊ What App စတဲ့ လူမူ့ကွန်ရက်ပလက်ဖောင်းတွေ အသုံးပြုခွင့်ကို နီပေါအစိုးရကနေ ပိတ်ပင်လိုက်ပြီးတဲ့နောက် စက်တင်ဘာလ ၈ ရက်ကစလို့ Gen Z တွေအများစုပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အစိုးရပြုတ်ကျတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။

နီပေါ လူငယ်တွေဟာ အစိုးရရဲ့ အဂတိလိုက်စားမှုနဲ့ လူမှုကွန်ရက်မီဒီယာတွေ ပိတ်ပင်မှုအပေါ် အဓိကရည်ရွယ် အုံကြွခဲ့တာဖြစ်ပြီး မြို့တော် ခတ္တမန္ဒူက လွတ်တော်အဆောက်အုံတွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီ ဖြစ်စဥ်တွေအတွင်း နီပေါ အာဏာပိုင်တွေရဲ့ ပြင်းပြင်းထန်ထန်နှိမ်နှင်းမှုကြောင့် လူပေါင်း ၅၀ ကျော်​သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က နီပေါနိုင်ငံက ကိစ္စတွေနဲ့ပက်သက်လို့ ဖြစ်စဥ်ဟာ ဆိုရှယ်မီဒီယာတွေကို မှတ်ပုံတင် ဖို့ လုပ်ဆောင်ခြင်းက စတင်လာခဲ့တာဖြစ်ပြီး ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အင်အားကြီးနိုင်ငံတစ်ချို့ပါဝင်နေသလို မြန်မာနိုင်ငံအတွက် သင်ခန်းစာယူဖော်ထုတ်သွားရမယ်လို့ ပြောကြားထားပါတယ်။

နီပေါ လူငယ်တွေရဲ့ဆန္ဒပြအုံကြွမှုကြောင့် ပြုတ်ကျသွားတဲ့ နီပေါအစိုးရဝန်ကြီးချုပ် Rt – Hon.Mr.K P Sharma Oli ဟာလည်း အခုနှစ်ဧပြီလအတွင်း ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ BIMSTEC အစည်း​ဝေးမှာ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ လက်ဆွဲနူတ်ဆက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်ဟာ သူ့ရဲ့တရုတ်ပြည်ခရီးစဥ်အတွေ့အကြုံတွေကို ပြောပြပြီး တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေကို အကောင်းပြောခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။