မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နှလုံးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားစွာ ခံစားနေရပေမယ့် နှလုံးအထူးကုဆရာဝန်နဲ့ ပြသခွင့် မရကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒါဟာ မဟုတ်မမှန်ကြောင်း အာဏာသိမ်းစစ်တပ်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အတိအကျ သိခွင့်ရဖို့အတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ သားဖြစ်သူက တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်စွာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ၊ တရားရေးရာဘက်ကသူတွေ၊ ပြင်ပ ဆရာဝန်တွေနဲ့ တွေ့ခွင့် တင်းကြပ်ထားကာ ငြင်းဆိုနေတာတွေက လက်မခံနိုင်စရာဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

မြန်မာပြည်သူတွေ၊ မိသားစုဝင်တွေနဲ့ ကမ္ဘာတဝှမ်းကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေမှန်ကို သိခွင့်ရှိပြီး အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ဖို့ အခွင့်အရေးရှိပေမယ့် စစ်တပ်က ဒီလိုအခြေခံအခွင့်အရေးတွေကို ငြင်းဆိုပိတ်ပင်နေတာဟာ ရက်စက်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူ့ရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့ မေမေ့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး” လို့ ကိုထိန်လင်းက ပြောခဲ့ပါတယ်။

Myanmar democracy icon Aung San Suu Kyi (C) and her son Kim Aris (L) pose for pictures at the airport in the central ancient temple city of Bagan before flying back to Yangon on July 8, 2011. Democracy icon Aung San Suu Kyi drew large crowds on a landmark trip to rural Myanmar that tested her freedom, but experts say the regime will tolerate her activities only up to a point. AFP PHOTO/Soe Than WIN (Photo by Soe Than WIN / AFP)
0 Shares:
You May Also Like
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းခရိုင် ကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထား၊ စစ်တပ်လက်ပါးစေ အုပ်ကြီး ၁ယောက်ကို ကော့သောင်းပကဖ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”