အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။

အဆိုပါ ဖော်ပြချက်ကို “ထောက်လှမ်းရေး ပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” ဆိုတဲ့ Justice for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Geedge Networks လို့ခေါ်တဲ့ တရုတ်ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်အုပ်စုကနေ အရပ်သားပြည်သူတွေကို ခြေရာခံ၊ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ဖို့ အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။

Justice for Myanmar ကတော့ “Geedge Networks သည် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်” လို့ အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်။


Geedge Networks ကုမ္ပဏီရဲ့ ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ထောက်လှမ်းနဲ့ ဆင်ဆာဖြတ်တောက်ရေး နည်းပညာကို ဆက်လက်လည်ပတ်နေမှုမှာ တရားမဝင် စစ်အုပ်စုကိုယ်စား အခရာကျတဲ့ အခန်းကဏ္ဍကနေ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၁၃ ခုပါဝင်နေကြောင်း သိရပါတယ်။

အဲဒီ ကုမ္ပဏီတွေကတော့ ATOM (ယခင်နာမည် Telenor- တယ်လီနောမြန်မာ)၊ မိုင်တဲလ် (Mytel)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ (Ooredoo)၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom တို့ ဖြစ်တယ်လို့ သိရပါတယ်။

Geedge Networks ကုမ္ပဏီဟာ တရားမဝင် မြန်မာစစ်အုပ်စုထံကို ဟာ့ဝဲလ်နဲ့ ဆော့ဝဲလ်တွေ ရောင်းချပေးအပ်ခဲ့တာဟာ စစ်တပ်ကနေ အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကို အားပေး ကူညီနေတာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒါကြောင့် Geedge Networks ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ခေါင်းဆောင်မှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ နိုင်ငံတကာရာဇဝတ်တွေကို အားပေးကူညီမှုအတွက် Geedge ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုတွေမှာ ပါဝင်သူလူပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ကိုလည်း Justice For Myanmar ကနေ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။