ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။

သက်ဆင်ဟာ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံထဲ ပြန်လာချိန် အရင်က အမှုတွေအတွက် အကျဥ်းထောင်အတွင်း ကျခံနေထိုင်ရမှာ ဖြစ်ပေမယ့် ကျန်းမာရေးအကြောင်းပြကာ ရဲဆေးရုံ ၁၄ ထပ်မှာ နေထိုင်နေခဲ့တာကြောင့် လိမ်လည်နေထိုင်မှုနဲ့ တရားစွဲခံထားရပြီး ဒီအမှုကို “၁၄ ထပ် အမှု” လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အမှုစီရင်ချက် ကြားနာဖို့အတွက် သက်ဆင်ဟာ သူ့ရဲ့ သမီးငယ် ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်နဲ့အတူ ဗဟိုတရားရုံးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တရားရုံးက သက်ဆင်အနေနဲ့ ပြစ်ဒဏ် အပြည့်အဝ ကျခံခဲ့ခြင်းမရှိဘူးလို့ ဆုံးဖြတ်လိုက်ရင် ပြစ်ဒဏ် ထပ်မံကျခံရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ရက်နေ့တုန်းကလည်း သက်ဆင်ဟာ ကျန်းမာရေးစစ်ဆေးဖို့ ထိုင်းနိုင်ငံကနေ ထွက်ခွာစဥ် လေယာဥ်လမ်းကြောင်း ပြောင်းသွားတာကြောင့် ထွက်ပြေးသွားပြီလို့ အများက ယူဆခဲ့ကြပေမယ့် မနေ့က စက်တင်ဘာ ၈ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ  Khaosod English)

0 Shares:
You May Also Like
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

အလှမယ်များကို အော်ဟစ်ကြိမ်းမောင်းခဲ့မှုကြောင့် Miss Universe Thailand ဥက္ကဋ္ဌ နာဝပ် တာဝန်များ ကန့်သတ်ခံရ၊ နာဝပ် ပြန်တောင်းပန်

Miss Universe ပြိုင်ပွဲဝင် အလှမယ်တွေကို Miss Universe Thailand (MUT) ဥက္ကဋ္ဌဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆယ်က အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် နာဝပ်ကို တာဝန်တွေကနေ ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် စီရင်နေမှုတွေ ရပ်တန့်ဖို့ NUCC က နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။