စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီအချိန်ခန့်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေကို ကံပြားကျေးရွာနဲ့ ဒီပဲယင်းမြို့အကြားရှိ လက်တံမူလယ်ကွင်းအတွင်း လာရောက်ကောက်ယူတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အဖြူရောင် D.P.Y) ၊ ပေါင်ချိန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ A2K ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဂျိမ်းစ္စဘွန်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Video-အဖြူရောင် D.P.Y