နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ တော်လှန်အနုပညာရှင် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအရ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်နေပြီး မတရားဖမ်းဆီးခံထားရသူတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး အားလုံးဝိုင်းဝန်းတောင်းဆိုပေးကြဖို့ တိုက်တွန်းထားပါတယ်။
”နိုင်ငံတကာမှ ကမ္ဘာခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGOs အဖွဲ့အစည်းများ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ အထူးသဖြင့် မြန်မာလူမျိုးတိုင်းရင်းသားများအားလုံးက ပါဝင်ပေးကြဖို့နဲ့ ဒီအကြောင်းအရာကို Speak Out လုပ်ပေးကြဖို့ မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ကြပေးကြဖို့အတွက် ကျမတိုက်တွန်းလိုပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
Video – Htar Htet Htet