ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) ထံက သိရပါတယ်။

စက်တင်ဘာ ၇ရက် ညနေ ၄ နာရီကျော်လောက်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး ၃ စီးက ချင်းစုရွာနဲ့ ကိုင်းကြီးရွာထဲကို လာရောက်ဗုံးကြဲခဲ့တာကြောင့် ချင်းစုရွာက ကိုတင်မျိူး၊ ကိုချစ်ကောင်းနဲ့ ကိုခန့်ကျော်သူလင်းတို့ ၃ ယောက် သေဆုံးခဲ့ပြီး ကိုင်းကြီးရွာက သားအဖ ၂ ယောက််ကတော့ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးတာကတော့ ချင်းစုရွာကပဲဗျ.. ၃ ယောက်ပေါ့နော်။ သေဆုံးသွားတဲ့သူတွေက နေအိမ်မှာနေရင်း သေဆုံးတာမျိုးမဟုတ်ဘူး။ စက်တပ်လေထီး ပျံတဲ့အချိန်မှာ ရွာသားတွေက အထိတ်တလန့်နဲ့ ကြည့်တဲ့သူကြည့် တချို့ကလည်းထွက်ပြေးကြတယ်၊ အဲ့အချိန်မှာ ကျရောက်ပေါက်ကွဲပြီးတော့ သေဆုံးကုန်တာဗျ ” လို့ ၃၈၀၁ တပ်ခွဲ (၁) ရဲ့ တပ်ခွဲမှူး ကိုကရင်လေးက မောင်းကို ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ သားအဖ ၂ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။ စစ်တပ်ရဲ့ စက်တပ်လေထီး ဗုံးလာကြဲတဲ့ အဆိုပါရွာ ၂ ရွာဟာ ရွာနားနီးစပ်တွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ကိုင်းကြီးရွာက နေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ နွားတစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တပ်လေထီးနဲ့ ဗုံးကြဲပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမှုတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ဒေသခံအမျိုးသားများ

“ရွာထဲမှာ သိပ်မရှိဘူး။ ညနေကတည်းက ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်ကြတယ်။ ပြီးတော့ စစ်တပ်က လေထီးလာကြဲပြီးတော့ မြို့ပေါ်ကနေ ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတယ်။ ပြည်သူတွေလည်း အဲဒါကြောင့် ထပ်ပြီး ရှောင်ကြတယ်။ စစ်ကြောင်းထိုးတဲ့နေရာကလည်း ညနေက စက်တပ်လေထီး လာကြဲသွားတဲ့ ရွာတွေဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာပဲ” လို့ ကိုကရင်လေးက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ် သရက်ချောင်းရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ယောက် သေဆုံးကာ နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အချက်အရတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁၂ယောက်နဲ့ အမျိုးသား ၆၆ ယောက်၊ စုစုပေါင်း ၇၈ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ၁၈နှစ်အောက် ကလေးငယ် ၄ယောက် ပါဝင်ပြီး သေဆုံးသူတွေထဲမှာ ပဲခူးတိုင်းက ၁၃ ယောက် ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ဒေသခံအမျိုးသားများ
0 Shares:
You May Also Like
Read More

ခြင်မှ ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်ရန် မြို့နယ် (၁၂) ခုမှ စစ်ရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ AA ထောက်ပံ့၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် အဆောက်အဦးများတွင် ခြုံနွယ်များ ပေါများလာပြီး ခြင်များ ပိုမိုပေါက်ဖွားလာဟု ဆို

ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်မှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မွန်တပ်တော် ပေါ်ပေါက်လာရေး မွန်တော်လှန်ရေးတပ်များ သဘောတူ ပူးပေါင်း

မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ဟာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်တော် ပေါ်ထွန်းလာရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။