စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၈ ရက် ဒီမနက် ၇ နာရီခွဲကျော်လောက်မှာ ဝက်တိုးရွာကနေ ကာဘိုးကျေးရွာဆီ ဆက်ကြေးကောက်ဖို့ အင်အား ၁၂ ယောက်နဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုတင်သတင်းရလို့ သွားစောင့်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်နေချိန်မှာ ဒရုန်းနဲ့ လာရောက်ပစ်ကူတာမျိုးတော့ မရှိဘူး။ ကာဘိုးနဲ့ ဝက်တိုးကနေတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်” လို့ စိန်ဗေဒါတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးတွေထံက G (3) ၁ လက်၊ MA (1) ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ပြောင်းချောအမျိုးအစား ဂျောက် ၁လက်၊ စုစုပေါင်း သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့သလို ကျည်နဲ့ ကျည်ဘောက်တွေ၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၁ လုံး၊ ဘေးလွယ်အိတ် ၂ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စိန်ဗေဒါဦးဆောင်တဲ့ ကန့်ဘလူခရိုင်လှုပ်ရှားပကဖမှ တပ်ခွဲ (၄)၊ တန့်ဆည်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် လက်ရုံးတပ်၊ TTC ရင်း (၂၅) တန့်ဆည်နဲ့ ကာဘိုးတိုက်နယ်ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးမိတ်ခရိုင် ပ.က.ဖ က မြို့နယ်အတွင်းရှိ ကျေးရွာဘောလုံးကွင်းကို ပြုပြင်ထိန်းသိန်းပေး (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ကျေးရွာတစ်ရွာရဲ့ ဘောလုံးကွင်းကို မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ ) ရဲ့ ရဲဘော်တွေက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျေးလက်နေ လူငယ်တွေ ဘောလုံးကစားနိုင်အောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မိုးမိတ်ခရိုင် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းစုမှာ အရပ်သားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိနေပြီး အဲဒီအဖွဲ့အကြောင်း မြို့နယ် ပကဖ စုံစမ်းနေ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ရဲဘော်တွေကို တပ်သားကုဒ်နဲ့ တာဝန်တွေ ခန့်အပ်​​ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။