နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ အကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် သူမရဲ့ မိသားစုဝင် ဒါမှမဟုတ် ရှေ့နေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့၊ လုံလောက်တဲ့ ဆေးကုသမှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးဖို့၊ သူမရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့ တပြေးညီ အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့နဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေ တောင်းဆိုလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့ အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ တိုက်တွန်း တောင်းဆိုထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက် ၈ဝ အရွယ်ကို ရောက်ရှိနေပြီး သူ့ရဲ့ နှလုံးရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရပေမယ့် ဧည့်တွေ့ခွင့်၊ ပြင်ပနဲ့ ဆက်သွယ်ခွင့်လုံးဝမရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် သူမအနေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရ,မရကို ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတို့မှာ နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အတိအကျ ဖော်ပြထားတဲ့အပြင် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၇ – ၂ အရလည်း အကျဉ်းသား ၁ ယောက် ကျန်းမာရေးမကောင်းရင် သူရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ချက်ခြင်း လုံလောက်တဲ့ ဆေးကုသခွင့်ပေးရမယ်ဆိုတာ အကျဉ်းထောင်တာဝန်ရှိသူတွေ မဖြစ်မနေ လိုက်နာရမယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံရှေ့နေများကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပြစ်ဒဏ်ချမှတ်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့လည်း ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

လူ ၂၀ ကျော် သေဆုံးခဲ့သည့် ချောင်းဦးဆီမီးသပိတ်မှ သေဆုံးသူများနှင့် ထိခိုက်သည့် ပြည်သူများကို ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးနှင့်ရိက္ခာများ မျှဝေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းဖိုရမ်ရဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံရဲ့ ဆေးအဖွဲ့ကလည်း ကုသပေးနေပြီး ကွန်ရက်ကနေ ကျပ်သိန်း ၂၂၅ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးဖက်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ် ပကဖ နှင့် ပအဖ ပူးပေါင်းပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။
Read More

၇၈ နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် Southern Eagle PDF မှ ကျဆုံးရဲဘော် ၇ ဦးကို ဂုဏ်ပြုဦးညွတ်ကြောင်း ထုတ်ပြန်…

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။