၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ ၈ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၈ လတာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အခြေအနေတွေကို NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက လအလိုက်စာရင်းတွေနဲ့အတူ ထုတ်ပြန်ထားပြီး မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်က အပစ်ရပ်ထားတဲ့ ကာလအတွင်း ဧပြီလမှာ ၅၀၈ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင် အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG)

တတိယအများဆုံး လေကြောင်းတိုက်ခံရတာက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်ပြီး ၄၃၆ ကြိမ် ရှိခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လကတော့ ဒုတိယအများဆုံးအဖြစ် လေကြောင်းတိုက်ခံရမှု ၄၉၃ ကြိမ်အထိ ရှိနေတယ်လို့ NUG က ဆို ပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ၂ လအတွင်း မန္တလေးတိုင်းရှိ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ကယား(ကရင်နီ) ပြည်နယ်ထဲက ဖားဆောင်းမြို့နယ်တို့မှာ လူအများအပြား သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ် တစ်ယောက် တော်လှန်ရေးအဖွဲ့ ရောက်လာလို့ အိမ်သာထဲ ဝင်ပုန်းပေမယ့် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။