မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးဟာ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းခွဲဖို့ လုပ်ဆောင်နေချိန် မိုင်းကို ကိုင်ထားရင်း ပေါက်ကွဲသွားတာကြောင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများစွာနဲ့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၆နာရီလောက်မှာပဲ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း မိုင်း Error ကြောင့် ပေါက်ကွဲတာမျိုး ရှိခဲ့ပေမယ့် အခုလို သေဆုံးတာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကတ်တောက်မိုင်းတွေ ထောင်နေရင်း Error တက်တာ၊ မိုင်းကိုကိုင်ပြီး အသက်သွင်းရတာဆိုတော့ လက်ထဲတင်ကွဲသွားတာ၊ အရင်ကလည်း တစ်ယောက်ဖြစ်ဖူးတယ်၊ အရင်ရဲဘော်ကတော့ ထိခိုက်ဒဏ်ရာရပေါ့ ဗျာ” လို့ ဧရာဒေါင်းတပ်ဖွဲ့ဝင် ကိုရှိန်းက မောင်းကို ပြောပါတယ်။

ဧရာဒေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း အောင်သာရွာက ပျူစောထီးတွေကို လက်နက်ကြီး (၆၀) မမ ၈ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်၊ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးပေမယ့် လူ ထိခိုက်မှုမရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲတွင် အဆိပ်ပင်ရေလောင်းသူများ မဖြစ်ကြဖို့ KNU တိုက်တွန်း

အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်တာကြောင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” မဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။