မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက် ဒီနေ့ မနက် ၁၀ နာရီ ၅၂ မိနစ် အချိန်မှာ မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါငလျင်ကြောင့် မန္တလေးမြို့ပေါ်နဲ့ အနီးတဝိုက် ဒေသတချို့မှာ ငလျင်လှုပ်တဲ့ဒဏ်ကို သိသာစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးအပြီး စက်တင်ဘာလ ၄ ရက် ဒီနေ့အထိ ငလျင်လှုပ်ခတ်မှု အကြိမ်စုစုပေါင်း ၂၂၇ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ဖို့ကိုလည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလအတွင်း စစ်ရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးကုသပေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁) ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။