ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်အတွင်း ဩဂုတ်လ (၃၁) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ဟောင်ဝစ်ဇာ လက်နက်ကြီး (၅) လုံးကို ပစ်ခတ်ခဲ့ရာ ရေလဲအနောက်ဖက်ကမ်းကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ (၃၀) ရက်က အကြမ်းဖက်စစ်တပ် ခလရ-၂၆၄ က ကျောက်တံခါးမြို့ကနေ ညနေပိုင်းမှာ ဒရုန်းနဲ့ ကြိတ်ကွင်း ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ သာယာကုန်း ဒရုန်းတပ်ဖွဲ့ကလည်း ကြိတ်ကွင်းကျေးရွာကို ဒရုန်းနဲ့ ၁၂၀ မမ ဗုံးသီးတစ်လုံး ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စဥ့်ကူးမြို့နယ်က စစ်ရှောင်ပြည်သူတွေကို PDF အမှတ် ၁၂၂၂ တပ်ရင်းက စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျွန်းထဲကျေးရွာ (၄) ရွာက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) - အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။