မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးနဲ့ အပေါင်းအပါတွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက် ရှိခဲ့တယ်လို့ Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်၊ မနေ့မနက်ပိုင်းမှာ နတ်မောက်မြို့ပေါ်ကနေ အင်အား ၁၅ ယောက်လောက်နဲ့ မောင်းနှင်လိုက်ပါလာတဲ့ ပျူစောထီးတွေရဲ့ အန်စာတုံးကားကို နတ်မောက်-ရွာမွန်လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၃ယောက်သေဆုံးပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ပါဝင်ခဲ့တဲ့အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

“ပျူတွေချည်းပဲ နတ်မောက်ကနေ နတ်မောက်ရွာမွန်ဘက် ထွက်လာတာပါ။ ပစ်ခတ်မှုက မိနစ် ၂၀ လောက် ကြာတယ်။ ကားပျက်စီးတယ်။ လက်နက်တော့မရခဲ့ပါဘူး။ အခင်းနေရာက နတ်မောက်မြို့နဲ့နီးတော့ အချိန်မရတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်” လို့ Yenanthar Column တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေး ထိခိုက်သေဆုံးနိုင်ခြင်းရှိမရှိကိုတော့ မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီစောင့်ကြိုတိုက်ခိုက်မှုကို Yenanthar Column နဲ့အတူ People’s Defence Force Yenangyaung ၊ သရက်ခရိုင်တပ်ရင်း ၃ တပ်ခွဲ (၁)၊ Chauk Revolution Army (CRA)၊ မင်းဘူးမြို့နယ် (ပလဖ)၊ နတ်မောက် ပကဖ နဲ့ အင်တောတိုက်နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စောင်၊ ခြင်ထောင်များ ထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စောင်‌နဲ့ ခြင်ထောင်တွေ ထောက်ပံ့‌ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် စကားပြောစက်များ NUG ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးသတိပေးချက် ထုတ်ပြန်ပြီး ၁ လအကြာ ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

လယ်ဝေးတွင် ​အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း နှင့် တော်လှန်ရေးတပ် တိုက်ပွဲ၂ ကြိမ် ဖြစ်ပြီး စစ်အုပ်စုဘက်က၂၀ ကျော် သေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။