ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေ များပြားလာသလို သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေလည်း များလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကစပြီး ဒီနေ့အထိ ဒေသခံပြည်သူတွေ ဖမ်းဆီးခံနေရသလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေ အများဆုံးပါဝင်ပြီး အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းသူ စားသောက်ဆိုင်မှာ မွေးနေ့ပွဲလုပ်နေချိန် စစ်ကော်မရှင်တပ်သားတွေ ရောက်လာပြီး မွေးနေ့ပွဲတက်ရောက်သူ အားလုံးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

“ဖမ်းဆီးခံရမှုတွေက သြဂုတ်လ ၂၈ ရက်နေ့က စပြီးတော့ ဆက်တိုက်ဆိုသလို ဖမ်းဆီးတဲ့ အနေအထားတွေ ရှိတယ်၊ ၂၉ ရက်နေ့မှာလည်း ချမ်းမြေ့တည်းခိုခန်းမှာ ဖမ်းသွားတာ.. နောက်ပိုင်းမှာတော့ ပိုပြီးတော့ အဖမ်းအဆီး ပိုများလာတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ အမျိုးသားတွေက အများဆုံးပဲ။ ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွတ်တယ် မကြားသေးဘူး။ ပြီးခဲ့တဲ့ရက်က ၈ ဦး ပြန်လွတ်လာတယ်လို့ ကြားပေမယ့် လွတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းလို့မရသေးဘူး။ မလွတ်ဘူးလို့ပဲ ယူဆရမယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း ဖားကန့်မြို့ ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်က ဝပ်ရှော့ဆရာနဲ့ ပညာသင် ၃ ယောက်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားချိန် လမ်းပေါ် ဖြတ်သန်းသွားလာနေတဲ့ ကား ၂ စီးကို ရပ်ခိုင်းကာ ကားနဲ့ပါလာတဲ့လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။



ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုလည်း မကြာခဏ တွေ့နေရတာပါ။ စက်တင်ဘာ ၁ရက် ဒီနေ့မှာ ဖားကန့်၊ မရှီကထောင်ရပ်ကွက်၊ သုခဆေးခန်းအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ပစ်သတ်ခံရတာ.. ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ မသိရဘူး။ ဘာကြောင့် ပစ်တာလဲဆိုတာ မသိရဘူး။ ပြီးတော့ ဒီသေဆုံးသွားသူရဲ့ ဆွေမျိုးတွေလည်း အခုထိ ဆက်သွယ်လာတာ မရှိသေးဘူး။ ပရဟိတအသင်းကတော့ ဒီရုပ်အလောင်းကို သုဿန်ကို ပို့ဆောင်သွားတယ်လို့ သိရတယ်။ ကောင်လေးရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

သြဂုတ်လ ၂၅ရက်နေ့ကလည်း မှော်စီစာ ဘုရားကုန်းကနေ ဆင်းလာတဲ့ စစ်ကော်မရှင်တပ်သားတွေ ဖားကန့်မြို့ပေါ်ကို သေနတ်တွေ ပစ်ဖောက်ဝင်ရောက်လာချိန် မြို့အဝင် ပန်းတင်တံတားနားမှာ အမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးခဲ့သလို အမျိုးသား ၃ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် တသီးပုဂ္ဂလအမတ်လောင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးအမတ် ပြိုင်ဘက်မရှိ အနိုင်ရပြန်၊ ရွေးကောက်ပွဲမစသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရမှု များပြားနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကနေ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်အိဖြူလွင်က ပြိုင်ဘက်မရှိ အနိုင်ရသွားပြန်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်‌ကောင်စီကိုစွန့်ခွာပြီး အလင်းဝင်လာတဲ့ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၅၁ ဦး ရှိ၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၅၈ ဦး ဖမ်းမိ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သား၊ရဲ၊ ပြည်သူ့စစ် ၅၁ ဦးအထိရှိခဲ့ပြီး လက်နက်ချ၊ စစ်သုံ့ပန်း ၅၈ ဦးရှိခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နယ်မြေစိုးမိုးမှု မရှိသေးသည့်တိုင် ရန်ကုန်ဟာ တော်လှန်ရေးခြေလှမ်း နောက်ကျမနေကြောင်း NUG ဝန်ကြီးချုပ် ပြောကြား၊ ရန်ကုန်တော်လှန်ရေး သူရဲကောင်းများ၏ ပေးဆပ်မှုများအပေါ် NUG ဘယ်တော့မှ လျစ်လျူမရှုဘူးဟု ဆို

ရန်ကုန်ဟာ စစ်အာဏာသိမ်းမှုကာလ အစကနေ ဒီနေ့အချိန်ထိ ခက်ခဲ ကြပ်တည်းမှုတွေကြားကနေ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေကြဆဲဖြစ်ပြီး တချို့ဒေသတွေလို နယ်မြေစိုးမိုးမှုမရရှိသေးပေမယ့် တော်လှန်ရေး ခြေလှမ်းတိုင်းမှာ နောက်ကျကျန်မနေဘဲ လိုက်ပါနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။