ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းပေးမှု ကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်အခြေစိုက်မှာရှိတဲ့ PDF ၄ ယောက်ဟာ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဆီ ဘက်ပြောင်းခိုလှုံသွားခဲ့ပြီးနောက် ၂ ရက်အကြာ သြဂုတ် ၂၉ ရက်မှာတော့ သူတို့ရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ဒေသခံ ၁၅ ယောက် အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“အမှောင်ဘက်ဝင်သွားတဲ့သူတွေက ဖားကန့်အခြေစိုက် PDF ပေါ့၊ မှော်ဒေသက လူစုံတယ်လေ ၊ စရိုက်ပေါင်းစုံနဲ့ စစ်တပ်ဘက် ဝင်သွားတဲ့ကောင်တွေရဲ့ သတင်းပေးမှုကြောင့် ကျောက်စိမ်းတောင်တံတားမှာ ရုတ်တရက်ရှောင်တခင်ဝင်ပြီးမှ စစ်ရင်းနဲ့ ကျောက်ဝိုင်းသွားတဲ့အချိန်မှာ စောင့်ဖမ်းတဲ့သဘောပါ၊ သူတို့ သတင်းပေးတဲ့သူတွေထဲမှာ ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေ ပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၅ ယောက်ထဲက ၈ ယောက်ကိုတော့ ဖမ်းဆီးတဲ့နေ့နဲ့ ဒီနေ့မနက်မှာ ပြန်လွတ်ပေးခဲ့ပြီး ကျန်တဲ့ ၇ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့က မဟုတ်သလို ၊ ထောက်ပို့ လုပ်ကိုင်နေတဲ့သူတွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုထံ ဘက်ပြောင်းခိုလုံသွားတဲ့ အဆိုပါ အမျိုးသား ၄ ယောက်ဟာလည်း စစ်ကြောရေးထဲ ရောက်ရှိသွားပြီး သူတို့ ၄ ယောက်ကို စစ်ဆေးမေးမြန်းရင်း ရိုက်နက်ခံရတဲ့အတွက် ထိခိုက်ဒဏ်ရာ များစွာလည်း ရရှိထားကြောင်း စစ်ရေးသတင်းအရင်းမြစ်ရဲ့ သတင်းအရင်းမြစ်ကနေ တစ်ဆင့်ကြားသိရတယ်လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

ဖားကန့်နယ်ထဲမှာ စစ်အုပ်စု ဖမ်းဆီးခံရသူ ပြီးခဲ့တဲ့လပိုင်းမှာ မရှိခဲ့ပေမယ့်လည်း စစ်အုပ်စုရဲ့ လက်နက် နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသူတွေကတော့ အများအပြားရှိတယ်လို့ သိရပါတယ်။

ဖားကန့်နယ်ထဲမှာ သြဂုတ်လ အစပိုင်းကစလို့ စစ်ကော်မရှင်တပ် နဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒီနေ့အထိလည်း စစ်ရေးအခြေနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – စစ်အုပ်စုထံ ခိုလုံသွားတဲ့ တော်လှန်ရေးရဲဘော် ၁ ဦး
0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ မိုက်ခရိုဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံး…

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။